ကျောက်မဲ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက် အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ် အတွင်းရှိ ဘိုးဘွား ၄၉ ဦးတို့ အတွက်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဘိုးဘွား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မြင့်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းတွင် အသက် ၈၀ နှင့် ၈၅ နှစ် အတွင်းရှိ သက်ကြီးဘိုးဘွား စုစုပေါင်း ၆၂၅ ဦးရှိရာ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ထားသည့်ငွေများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများသို့ ထုတ်ပေးခဲ့ပြီး အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများက သက်ဆိုင်ရာ ဘိုးဘွား များဆီသို့ အိမ်တိုင်ရာရောက် ပြန်လည်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)