အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRCမှ ကျောက်မဲမြို့နယ်ရှိ ပရဟိတအသင်းများအတွက် အရေးပေါ် လူနာတင်ယာဉ် သုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

 

ကျောက်မဲ အောက်တိုဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ်အတွင်းရှိ ပရဟိတ အသင်း ၅ သင်းအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ  ကော်မတီICRC မှ ထောက်ပံ့ ပေးပို့လာသောအရေးပေါ် လူနာတင် ပစ္စည်းများကို ကျောက်မဲ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပရိဟိတ အသင်းများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က ကြက်ခြေနီ အသင်း ခွဲရုံးတွင်  ပြန်လည်ထုတ်ပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC မှ  ကျောက်မဲမြို့နယ်အတွင်းရှိကမ်းလင့်လက်များ လူမှု ကူညီရေး အသင်း(နောင်ပိန်)၊ ကျောက်မဲနာရေးကူညီမှုအသင်း၊ အိုမ်တမာဝ်လူမှုကူညီရေးအသင်း၊ အားမာန် သစ်ပရဟိတအသင်း (မိုင်းငေါ့)နှင့်လောဝ်ငင်းပရဟိတအသင်း(မိုင်းငေါ့)တို့အတွက် အရေးပေါ် လူနာတင် ယာဉ် ပစ္စည်းများဖြစ်သည့် HI - LOW STRETCHER (Ambulance Stretcher), SPINE BOARD, FOLDING STRETCHER, HEAD IMMOBILIZERတစ်စုံစီကို  ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ကျောက်မဲမြို့ပေါ်ရှိ အခြားပရဟိတ အသင်းများအတွက်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC မှ အလားတူ ပစ္စည်းများ ထောက်ပံ့ပေးခဲ့ခြင်းများ ရှိခဲ့ကြောင်း ကျောက်မဲမြို့ ကြက်ခြေနီအသင်းခွဲမှ တာဝန် ရှိသူ၏ ပြောကြားချက်အရသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)