ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်း အသက် ၈၀မှ၈၅နှစ် အတွင်းရှိ သက်ကြီးဘိုးဘွားများတွက် ထောက်ပံ့ငွေများပေးအပ်

ရေဦး အောက်တိုဘာ၂

 စစ်ကိုင်တိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် လူမှု၀န်ထမ်းဦးစီးဌာနက ရေဦးမြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်မှ ၈၅ နှစ် ရှိ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့သည့်  ထောက်ပံ့ငွေများကိုသက်ဆိုင်ရာ တာဝန်ရှိ သူများက  ရပ်ကျေးအုပ်ချုပ်ရေးမှုးများထံ ယနေ့ နံနက် ၁၀ နာရီကလွှဲပြောင်းပေး အပ်ခဲ့ကြ ကြောင်းသိရှိရသည်။

အဆိုပါထောက်ပံ့ငွေများကို  ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၊  စာရေး၀န်ထမ်းများနှင့်  ရပ်မိရပ်ဖ များက  တစ်အိမ်တက်ဆင်း သွားရောက်ထောက်ပံ့ပေးမည်ဖြစ်ပြီး ရေဦးမြို့နယ် အနေဖြင့် အသက် ၈၀မှ ၈၅ နှစ်အထိ သက်ကြီးဘိုးဘွား စုစုပေါင်း ၁၆၂၆ ဦးရှိရာ  တစ်ဦးလျှင်  ငွေကျပ် သုံးသောင်းနှုန်း  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက် ( ရေဦး )