မြောက်ဥက္ကလာပ အောက်တိုဘာ ၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့နယ်စည်ပင်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့် အလုပ်သမားများ စားသောက်ရေး အဆင်ပြေစေရန် အခြေခံ စားသောက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ(၈)ရပ်ကွက်ရှိ အလုပ် သမားများနေထိုင်သည့်နေရာတွင် ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်လမ်းတံတားတာဝန်ခံ ဦးဝဏ္ဏဝင်းက အလုပ် သမားတစ်ဦးလျှင် ဆန်(၁၂)ပြည်၊ ဆီ(၁)ပိဿာနှုန်းဖြင့် အလုပ်သမား (၈၀)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ ရာ အလုပ်သမားများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် စည်ပင်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိ လုပ်ငန်းများ ပြီးစီးခဲ့ပြီးဖြစ်ရာ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)