ရန်ကုန် အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ Quarantine Center များတွင် ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား လုပ်ငန်းအဆင်ပြေချောမွေ့ စေရန်နှင့် မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းများအား PPE ဝတ်စုံ စနစ် တကျဝတ်ဆင်ရန် ချွတ်နည်းနှင့် စွန့်ပစ်နည်း သင်ကြား လေ့ကျင့်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ မိုးမိုးမြင့်၊ သားဖွားဆရာမ ဒေါ်အိဝါလှိုင်၊ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်လင်းလင်းမိုးစံတို့က Quarantine Center ထားမည့်နေရာများ၌ ပါဝင်ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ပြင်ဆင်ရမည့် အချက်များ၊ စနစ်တကျသန့်ရှင်းရေးဆောင်ရွက်ရမည့် အချက်များနှင့် PPE ဝတ်စုံကို စနစ်တကျ ဝတ်ဆင်ရန် ချွတ်နည်းနှင့်စွန့်ပစ်နည်းစသည်တို့ကို သင်ကြား လေ့ကျင့်ပေးခဲ့ သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)