လဟယ် အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ပြည်သူ များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန် လဟယ်မြို့ မြို့မ ရပ်ကွက်တွင် အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပေးနှိုးဆော်ခြင်းကို လဟယ်မြို့နယ် မိခင်နှင့်ကလးစောင့်ရှောက်ရေးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး အများပြည်သူများ လုပ်ငန်းခွင်မသွားမီ နံနက်ပိုင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်ရေး အသိပေး အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ရှားဆက်(ပြန်/ဆက်)