ဒဂုံတောင် အောက်တိုဘာ ၈ရက်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ Contact Person များထားရှိဆောင်ရွက်လျက်ရှိသော အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် Contact Person များ ထပ်မံတိုးချဲ့ထားရှိနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ခြင်းများအား ယမန်နေ့ နံနက် ၁၁နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဝင်းအတွင်းရှိ ၆ ခန်းတွဲ ၂ ထပ်စာသင်ဆောင်အား တစ်ခန်းလျှင် ၈ ဦးနှုန်းဖြင့် ၉၆ ဦးထားရှိနိုင်ရန် အခန်း ၁၂ ခန်းအား လျှပ်စစ်မီးရရှိရေး ချိုးရေ နှင့် ရေအိမ်များ အဆင်ပြေစေရေး ရေလုံလောက်စွာ ရရှိရေးတို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးအေးနိုင် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးရဲအောင် မြို့နယ် လျှပ်စစ်မန်နေဂျာဦးကျော်ဆန်း မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်သူ မြို့နယ် ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းတို့မှ ကြီးကြပ်၍ လိုအပ်ချက် များအား ပြင်ဆင် ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါ Quarantine Centre မှ Negative ထွက်ရှိသူ ၅ ဦးအား နေအိမ်များသို့ ပြန်လည် ပို့ဆောင်ပေးကာ Home Quarantine(၇)ရက်နေထိုင်ရန်မှာကြား၍ Positive ထွက်ရှိသူ ၄၂ ဦးအား တိုင်းကျန်းမာရေးအစီ အ စဉ်ဖြင့်ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာ ကုသရေး စင်တာသို့ပို့ဆောင်ပေးပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၅)ရပ်ကွက်မှ Contact Person ၅၁ ဦးအား ထပ်မံလက်ခံထားရှိဆောင်ရွက်ခြင်း များကို လည်း ယမန်နေ့ကဆောင်ရွက် ခဲ့ကြကြောင်း မြို့နယ် ကိုဗစ်- ၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ ပြန်ရေး ကော်မတီမှသိရသည်။
သန်းသန်းအေး(ပြန်/ဆက်)