ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့လယ် လမ်းမကြီးတွင် (Mask Campaign) ဆောင်ရွက်

ကွမ်းခြံကုန်း အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်(Mask Campaign)ကို ယမန်နေ့ နံနက်(၈)နာရီက မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်မှုအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အပြင်ထွက်သူတိုင်းအား နှာခေါင်းစည်း (mask)များ အခမဲ့ဝေငှပေးပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းတပ်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ လူစုလူဝေးများကို ရှောင်ရှားရန် အတွက် တတ်နိုင်သမျှ မိမိအိမ်တွင်သာနေထိုင်ရန်တို့ကို အသိပညာပေး ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)