မရမ်းကုန်း အောက်တိုဘာ ၈
၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးနိုင်ရေးအတွက်မရမ်ကုန်းမြို့နယ်အတွင်း ယာယီမဲရုံ တည်ဆောက်မည့်နေရာများသို့ ယမန်နေ့နံနက် (၉) နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်း ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မရမ်းကုန်းမြို့နယ်အနေဖြင့် ရပ်ကွက် (၁၀)ရပ်ကွက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ စုစုပေါင်း (၁၅၀,၀၀၀) ကျော်ရှိပြီး မဲရုံအရေအတွက်မှာ (၁၂၁)ရုံး ဆောင်ရွက် ထားရှိကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)