ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ Quarantine Centre တွင် ပါဝင်ကူညီဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေပေးအပ်

ဘောဂလိ အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ Quarantine Centre တွင် ပါဝင် ကူညီဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာန ကထောက်ပံ့ပေးခြင်းဖြစ်ပြီး Quarantine Centre တွင် လုပ်ခလစာမရရှိဘဲ လုပ်ကိုင်ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများ သွားလာရေးတွင် လွယ်ကူအဆင်ပြေစေရန် ဆိုင်ကယ်ဆီဖိုးအနေဖြင့် တစ်ဦးလျှင် (၄၂၀၀၀) ကျပ်နှုန်းဖြင့် (၁၀) ဦးအတွက် စုစုပေါင်း (၄၂၀၀၀၀/-) ကျပ်ကို သံတောင်ကြီးမြို့နယ် အုပ်ချုပ် ရေးမှူး ဦး‌ဇော်မိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး  ဦးနီဌေးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန  ဦးစီးမှူး ဒေါ်ခင်ခင်ထူးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း  ကပ်ထားကြေငြာမှု အခြေအနေအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

နီလာအေး(ပြန်/ဆက်)