သာကေတ အောက်တိုဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း စေရန်နှင့် ကာကွယ်မှုတွင် ပေါ့လျော့မှု မရှိစေရန်အတွက် ယနေ့နံနက်(၈:၀၀)နာရီတွင် ကားမှတ်တိုင်များ၊ ဈေးများတွင်သွားလာနေသော ပြည်သူများအား mask တပ်ဆင်ထားမှု ရှိ၊ မရှိကို စစ်ဆေးဆောင်ရွက် ခဲ့သည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက် ဦးဆောင်သောအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၃/မာန်ပြေရပ်ကွက်၊ အမှတ်(၃)ဈေး၊ မြင်တော်သာလမ်းရှိကားမှတ်တိုင်နှင့် အနော်မာလမ်းဆုံ မှတ်တိုင် စသည့်နေရာများ၌ mask တပ်ဆင်ထားခြင်းမရှိဘဲ သွားလာနေသော မော်တော်ယာဉ် များပေါ်ရှိ ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်းဈေးဝယ် ပြည်သူ ကျား(၁၇)ဦး၊ မ(၂)ဦး စုစုပေါင်း(၁၉)ဦးအား mask တစ်ခုတန်ဖိုး(၅၀)ကျပ်နှင့် ဒဏ်ငွေ(၁၅၀) ကျပ် စုစုပေါင်း(၂၀၀)ကျပ်ကို ပေးဆောင်စေကာ mask ချက်ချင်းတပ်စေသော စနစ်ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကိုဘုန်း(ပြန်/ဆက်)