မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေး ကြိုး ချိတ်ပိတ်ခြင်းဆောင်ရွက်

ချောင်းဆုံ အောက်တိုဘာ ၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ချောင်းဆုံ မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေးကြိုးချိတ်ပိတ်ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၈ ရက်နေ့ နံနက် (၁၁)နာရီအချိန်က ကျွန်းသာယာခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ များ၊ ရွေကောက်ခံမည့်ပါတီများမှ သက်ဆိုင်ရာကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး မြို့နယ် ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးမင်းနိုင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင် မဲပေးပုံနှင့် ပတ်သက်၍ လည်းကောင်း၊ ပါတီဝင်များအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက် များအား လည်းကောင်း၊ ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက  ကြိုတင်မဲဆန္ဒမဲပုံး လုံခြုံရေးကြိုးချိတ်ပိတ် ခဲ့ကြောင်းသိရသည်။

အဆိုပါ ကြိုတင်မဲပေးမှုအတွက် ချောင်းဆုံမြို့နယ်မှ နိုင်ငံရပ်ခြားနှင့် ပြည်တွင်းရှိသင်တန်း ကျောင်းများ၊ အကျဉ်းထောင်များမှ ပြည်သူများအတွက် ကြိုတင်မဲလက်မှတ်ပုံစံ (၁-၁)၊ (၁-၂)၊ (၁-၃)ဖြင့် သက်ဆိုင်ရာ နိုင်ငံခြားသံရုံးနှင့် သင်တန်းကျောင်းများသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ နိုင်ငံ(၁၁)နိုင်ငံ အတွက် ကြိုတင်မဲပေးမည့်သူ (၇၈၁)၊နှင့် ပြည်တွင်း(၅၆)ဦး စုစုပေါင်း (၈၃၇)ဦး ပေးပို့ထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

ထူးအိမ်(ပြန်/ဆက်)