ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်

ပလောက်  အောက်တိုဘာ   ၉

ကိုဗစ်-၁၉ ရာဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းအားပြသခြင်း ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ် တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆ ချက်များ စသည့် အကြောင်းအရာများ ပါဝင်သော  UNESCO     မှ ပေးပို့လာသည့်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ (၁၈)ပုံကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ပြသဆောင်ရွက်ထားကြောင်း အသိပေးအပ်ပါသည်။

နှင်းမြူလွင်  (ပြန်/ဆက်)