မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အလှူငွေများ လှူဒါန်း

သရက် အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊  သရက်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင်အသုံးပြုရန်အတွက် သရက်ခရိုင်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင် နေသော ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာသန်းဌေးနှင့် မောင်နှမတစ်စုတို့မှ အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက သရက်မြို့ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့ သည်။       

အဆိုပါ လှူဒါန်းပွဲတွင် ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာသန်းဌေးမှ အလှူငွေ ကျပ် (၁၀) သိန်းကိုပေးအပ်လှူဒါန်းရာ သရက်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်က လက်ခံရယူ ခဲ့ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ သရက်မြို့ပြည်သူ့ဆေးရုံသို့ စေတနာရှင်၊အလှူရှင်များမှလည်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင်အသုံးပြုရန် ရောဂါကာကွယ်ရေး အသုံးပြုပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သရက်ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရ သည်။         
ဇော်ဝမ်းထွန်း(အောင်လံ)