ကလေး အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အထောက် အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်စက် (Oxygen Concentrator) (၁)လုံးနှင့်ဆက်စပ် ပစ္စည်းများ ၊ECGစက်(၁)လုံးနှင့် အလှူငွေ ကျပ်(၃)သိန်းကို ကလေးခရိုင် ကိုဗစ်-၁၉ကပ်ရောဂါထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ ပြန်ရေးကော်မတီသို့ ဦးယော်ထုန်နှင့်ဒေါ်မာလုမိသားစု (မြနဒီသောက်ရေသန့်)မှ ယမန်နေ့ မွန်းလွှဲ ၄နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ အောက်ဆီဂျင်စက်(Oxygen Concentrator )(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ECGစက်(၁) လုံးနှင့် အလှူငွေများအား ကလေးခရိုင်ကိုဗစ်-၁၉ကပ်ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုနှင့်တာဝန်ရှိသူများကလက်ခံရယူခဲ့ကြသည်။ အဆိုပါ အောက်ဆီ ဂျင်စက်(Oxygen Concentrator)နှင့်ECGစက်တို့အား ကလေးမြို့ ခုတင်၃၀၀ဆံ့ဆေးရုံရှိ Medical Ward ဖျားနာကုသဆောင်တွင် အသုံးပြုနိုင်ရေးအတွက် အထူးကုသမားတော်ကြီး ဒေါက်တာမျိုးသင်းထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)