ဇေယျာသီရိမြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်

“သစ်တောများနှင့်စီးပွားရေး” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၂၁ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ထန်းတပင်မြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာနှင့် ကိုယ်ကာယကြံ့ခိုင်ရေး သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ယဥ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ နေထိုင်တတ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ယဥ်ကျေးလိမ္မာနှင့် ကိုယ်ကာယကြံ့ခိုင်ရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အင်္ဂလိပ်စာအရည်အချင်း တိုးတက်မြင့်မားလာစေရန်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို မတ် ၂၀ ရက်မွန်းလွဲပိုင်းက ဖွင့်လှစ်သည်။

ငါန်းဇွန်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအားသတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရောင်းချလျက်ရှိသော  ရွှေဆိုင်များအား နိုင်ငံတော်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အဖိုးတန်သတ္ထုရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးသည်။

စစ်ကိုင်းမြို့ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို မတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဒီဇယ်စက်ခေါင်းစက်ရုံရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်သည်။

စလင်းမြို့နယ်တွင် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကွန်ပျူတာအခြေခံသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေနံနက် ၉ နာရီ ၃၀ မိနစ်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to