မင်းဘူးမြို့ မဟာသကျမုနိ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၄) သူဌေးကုန်းရပ်ကွက်ရှိ မဟာသကျမုနိဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ နှစ်စဉ်အမြဲကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ရိုးရာလှေပြိုင်ပွဲများ၊ ဒိုးကလေးတေဂီတအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၂၉ ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များရှိ အသက် (၉၀) နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှေက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ယနေ့မွန်းလွဲပိုင်းက မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင် ၁၅၈၈၅၇  ဦးရှိ

မန္တလေးတိုင်း‌ဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဒေါပုံမြို့နယ်တွင် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ Talk Show

ဒေါပုံမြို့နယ်တွင် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ Talk Show ဒေါပုံ စက်တင်ဘာ ၃၀ စိုးစန္ဒာညိမ်း(ပြန်/ဆက်)

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်လာပြီး ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေဝင်ရောက်မှုဒဏ်ခံရသော အိမ်ထောင်စုများမှ မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာသို့သွားရောက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်လာပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ရေဝင်ရောက်မှုဒဏ်ခံရသော အိမ်ထောင်စုများမှ မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

ဟင်္သာတမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများ၏ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ နတ်မော်လမ်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ်အတွင်းရှိ  အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများ၏ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ဒစ်ဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်အတွင်းရှိ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာများ မျှဝေရန်နှင့် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု၍ MSME၊ လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ဒစ်ဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့နံနက် ပိုင်းအချိန်က ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်အသီးသီးရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းမှစ၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင် ကြေညာထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည်  စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက  မန္တလေးတက္ကသိုလ်သို့ရောက်ရှိပြီး အောက်တိုဘာ ၄ ရက်တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Subscribe to