လဟယ် အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်နို၀င်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံ မှူးတာ၀န်ထမ်းဆောင်းကြမည့်ဌာနေပြန် ကျောင်းဆရာ/မများကို လဟယ်မြို့ အထက်တန်းကျောင်းဆောင်၌ နှစ်ပတ်ကြာ အသွားအလာကန့်သတ်စောင့်ကြည့် ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့် ထားမည့်ကျောင်းဆောင်ကို ယနေ့ နံနက်(၁၀)နာရီအချိန် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူနှင့်လဟယ်မြို့နယ်စီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌဦးမျိုးညီညီမြို့နယ်ဆရာ၀န်ဒေါက်တာသက်ဇင်အောင်နှင့်တာ၀န်ရှိသူများကသွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ဌာနေပြန် ကျောင်းဆရာ/မ မှာ(၉၂)ဦးဖြစ်ပြီး လဟယ် မြို့အထက်တန်းကျောင်း ဇေယျာသီရိကျောင်း(၁)တွင်အမျိုးသမီး(၅၄)ဦး၊ဇီဇဝါကျောင်းဆောင်တွင်အမျိုးသား (၃၈)ဦးတို့အား ကျန်းမာရေး၀န်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းချက်နဲ့ အညီ အသွားအလာကန့်သတ်စောင့်ကြည့်မှု အဖြစ် (၂)ပတ်ထားရှိသွား မည်ဖြစ် ကြောင်း သိရသည်။
ရှားဆက်(ပြန်/ဆက်)