တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ရပ်ကွက်များ အတွင်း နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူများအား အသိပေးအရေးယူဆောင်ရွက်

တောင်ဥက္ကလာပ  အောက်တိုဘာ         

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီရေးအတွက် ရပ်ကွက်များအတွင်း နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပေးအရေး ယူဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အမှတ်() ရပ်ကွက်၊ ()ရပ်ကွက်၊ ()ရပ်ကွက်၊ ()ရပ်ကွက်၊ (၁၀)ရပ်ကွက် အစရှိသော ရပ်ကွက်များအတွင်း သွားလာနေသော ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာပါက စနစ်တကျ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူများအား ဒဏ်ငွေ (၂၀၀)ကျပ် ပေးဆောင်စေပြီး နှာခေါင်းစည်း ()ခု ပြန်လည်ပေးအပ်၍ တပ်ဆင်သွားလာစေခြင်းဖြင့် အသိပေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ Mask Campaign ပြုလုပ်၍ စစ်ဆေးအရေးယူဆောင်ရွက်နေမှုကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းမတပ်ဆင်ဘဲသွားလာနေသူ (၁၆၂)ဦးအား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေထက်အောင်