ကွမ်းခြံကုန်း အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့ နယ်တွင်စေတနာရှင် မိဘပြည်သူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ တွင်အထောက်အကူဖြစ်စေရန်အလှူငွေများ၊ ရောဂါကုသရေးသုံးပစ္စည်းများ၊ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်ကုန်များအား မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်လှူဒါန်းလျက်ရှိကြောင်းသိရသည်။
အဆိုပါ လှူဒါန်းမှုများမှာ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်နေသောနွမ်းပါးလူနာများနှင့် စောင့်ကြည့် လူနာများအတွက်လွှတ်တော် ကိုယ်စားလှယ်ကြီးများက စားသောက်စရိတ်(၅၄၆၀၀)ကျပ်နှင့် ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုနိုင်ရန်(၅၈၀၀၀)ကျပ်၊ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရာတွင် လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရန်ဦးဟန်စိန်+ဒေါ်ချိုချိုအေး (တိုင်းရင်းဆေး)မိသားစုမှ အလှူငွေ (၅၀၀၀၀)ကျပ်၊ မြို့နယ်အခွန်ဦးစီးမှူး ဦးသာဒွန်းအောင်မှအလှူငွေ(၅၀၀၀၀)ကျပ်၊မကျီးတန်းရပ်ကွက်နေ ဦးသူရနောင်+ဒေါ်ဇာဇာယဉ် သူမိသားစုမှအလှူငွေ(၅၀၀၀၀)ကျပ်၊ ပီလခတ်ကျေးရွာနေ ဦးဉာဏ်မြင့်+ဒေါ်ညွှန့်စိန် မိသားစုမှ အလှူငွေ(၃၀၀၀၀)ကျပ်၊ မန်းကလိပ်ကျေးလက်ကျန်းမာရေးဌာန (မိသားစု)မှမြို့နယ်(Swab Team)အတွက်အလှူငွေ(၁၂၀၀၀၀) ကျပ်၊မြို့မဈေး ဒေါ်ခင်မာဝေမိသားစု (ခင်မာဝေ ကုန်စုံဆိုင်)မှဆေးရုံအတွက်လိုအပ်သော ဒီဂျစ်တယ်သွေးပေါင်ချိန်စက်(၂) ခု၊လွယ်ဟိန်းကုမ္မဏီမှ (ဒုတိယအကြိမ်) ရေသန့်တစ်လီတာဘူး (၃၀၀၀)တို့ဖြစ်ပြီးလှူဒါန်းမှုများအား မြို့နယ်ဆရာဝန်ကြီးဒေါက်တာ မြတ်သူနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ် တမ်းလွှာ များပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)