မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများပြသ

မြစ်ကြီးနား အောက်တိုဘာ ၉

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်စေရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများအား အများပြည်သူပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် ရေစင်ကွင်းဈေး၊အမှတ် (၁) ဈေးနှင့် (၂)ဈေး အနီးရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက်သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတက်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ အချက်အလတ်နှင့် ထင်မြင်ယူဆ ချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်းဆွေးနွေးရာ၌ ဆောင်ရန် ရှောင်ရန်အချက်များ၊ သတင်းခွဲခြားစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့်အကြောင်းအရာများ ပါဝင်သော UNISECO မှပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေးရုပ်ပုံ (၁)ပုံကို ပြည်သူများလေ့လာသိရှိနိုင်စေရန် ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိန်ဝင်း(ပြန်/ဆက်)