မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့်   နေအိမ်များအမိုးလန်ပျက်စီးပြီး၊ သစ်ပင်လဲကျ၍ နေအိမ်တစ် လုံးပြိုလဲပျက်စီး

ပေါက်ခေါင်း   အောက်တိုဘာ   

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် အောက်တိုဘာ   ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက် ခတ်မှုကြောင့် သစ်ပင်များလဲကျခြင်းနှင့် လူနေအိမ်များအမိုး လန်ပျက်စီး မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်လေပြင်းများတိုက်ခတ်မှုကြောင့် ပေါက် ခေါင်းမြို့နယ် တောင်လည်ကျေးရွာတွင် နေအိမ်()လုံး၊ချောင်းကျိုးကျေးရွာတွင်နေ အိမ်()လုံး၊ဘန့်ပြင်ကျေးရွာအုပ်စု ကြိုးကြာကျေးရွာတွင်နေအိမ် ()လုံး၊ သဖန်းချိုကျေးရွာအုပ်စု လေးကြီးကျေးရွာတွင်နေအိမ်()လုံး စုစုပေါင်း နေအိမ်()လုံး အမိုးလန် ပျက်စီးပြီး၊ အရှေ့မကွေကျေးရွာအုပ်စု ကျောင်း ရွာကျေးရွာရှိ နေအိမ်()လုံးပေါ်သို့ သစ်ပင်လဲကျ၍နေအိမ်ပြိုလဲ ပျက်စီးသွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

အဆိုပါအမိုးလန်ပျက်စီးသွားသည့် နေအိမ်များအား အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်နီးစပ်ရာမိသား စုများက ပြန်လည်နေထိုင်နိုင်ရန်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)