စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုစာရေးများအား ကျပ် တစ်သိန်းစီ ထောက်ပံ့ပေးအပ်

ဘုတလင်  အောက်တိုဘာ   ၉ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်း များအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မဟာဗန္ဓုလအစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်မိုးလွင်က ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတာဝန်ကို ပူးတွဲထမ်းဆောင်ပြီး မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊ ထုတ်ပြန်ကြေညာပေးခြင်းလုပ်ငန်းများတွင်လည်းကောင်း၊ ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လည်းကောင်း ပေးအပ်သည့် လုပ်ငန်းတာဝန် များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့်အတွက် နိုင်ငံတော်က ချီးမြှင့်ထောက်ပံ့ပေးခြင်း ဖြစ် ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းနှင့် ဒုတိယဦးစီးမှူးများက ဘုတလင်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေး ဝန်ထမ်း (၅၇)ဦးအား တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေ (၅၇)သိန်းကို တစ်ဦးချင်း ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။ 

နှင်းယုအေး(ပြန်/ဆက်)