ခရမ်း အောက်တိုဘာ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်ကာလ စားဝတ်နေရေး အခက်အခဲ ရှိသော သက်ကြီးအဖိုး အဖွားများနှင့် အခြေခံပြည်သူများအား ခရမ်းမြို့နယ်နေ မြို့နယ်သူ/မြိုနယ်သားများနှင့် အဝေးရောက် ခရမ်းဇာတိဖွားများ၏ စုပေါင်းလှူဒါန်းမှုဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၁၂)ပြည်ဆီ(၅၀) သား တစ်ဗူး အားနေအိမ်များသို့ယမန်နေ့က လိုက်လံလှူဒါန်း ပေးခဲ့ကြသည်။
အဆိုပါလှူဒါန်းမှုကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ ၊ လူမှုရေးအသင်း အဖွဲ့များက အိမ်တိုင်ရာရောက် ထောက်ပံ့ လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။
လှူဒါန်းမှုများမှာ ခရမ်းမြို့အမှတ်(၁) ရပ်ကွက်မှအိမ်ထောင်စု(၁၆၀)စု အမှတ်(၂)ရပ် ကွက်မှ အိမ်ထောင်စု(၇၀)စု အမှတ်(၃)ရပ်ကွက် မှအိမ်ထောင်စု(၉၀)စု အမှတ်(၅)ရပ်ကွက်မှ(၇၀)စု အမှတ်(၆)ရပ်ကွက်မှအိမ်ထောင်စု (၁၁၀)စု အမှတ်(၇)ရပ်ကွက်မှ အိမ်ထောင်စု (၂၂၅ )စု အမှတ်(၈)ရပ်ကွက်မှ အိမ်ထောင်စု (၁၃၀)စု အမှတ်(၉) ရပ်ကွက်မှ အိမ်ထောင်စု (၂၂၀)စု အမှတ်(၁၀)ရပ်ကွက်မှ(၁၈၀)စု အမှတ် (၁၁)ရပ်ကွက်မှ အိမ်ထောင်စု(၁၈၀)စု အမှတ်(၁၂)မှ အိမ်ထောင်စု(၃၀၀)စု စုစုပေါင်းအိမ်ထောင်စု(၁၇၃၅ )စုတို့အား တစ်အိမ်ထောင်လျှင် ဆန်(၁၂) ပြည် ဆီ(၅၀) သားတစ်ဗူး တို့အား ရပ်ကွက် အတွင်း နေ အိမ်များ သို့လှည့် လည် လှူဒါန်း ပေးခဲ့ကြကြောင်း သိရသည်။
ကိုမင်း(ခရမ်း)