ပေါက်ခေါင်း အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရန် အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်က ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ရုပ်ပုံများကို ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ် ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ ကလေးများနှင့် သတင်းအတူကြည့်ပါ စသည့် အကြောင်းအရာတို့ ပါဝင်သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သတ်သည့် အသိပညာပေး ရုပ်ပုံ(၁၈)ပုံ မှတ်တမ်းများကို ပြည်သူများ လေ့လာသိရှိဆောင်ရွက်နိုင်ရန် ပြသထားကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)