ကျေးသီး အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်အဆင့် Mobile Tablet အသုံးပြု နည်းကို ယနေ့ နံနက်(၁၀)နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ သင်ကြားပို့ချခဲ့သည်။
ထိုသို့ Mobile Tablet အသုံးပြုနည်း သင်ကြားခြင်းအားဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များ၏ အရည် အသွေးနှင့် လုပ်ငန်းဆောင်ရည်ကို မြှင့်တင်နိုင်ရန်၊ ပြည်သူများ၏ ကျန်းမာရေး အသိပညာ မြင့်မားတိုးတက်လာစေရန်နှင့် ပြည်သူ့ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများပိုမို ထိရောက်အောင်မြင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းဆရာ ဦးရဲလင်းနောင်က သင်ကြား ပို့ချပေးခြင်း ဖြစ်ပြီးပြည်သူ့ ကျန်းမာရေး ကြီးကြပ် အဆင့်(၁)မှမိခင်နှင့် ကလေးကျန်းမာရေးဌာန ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မိုင်းနန်းကျေး လက်ကျန်းမာရေး ဌာနရှိ ကျန်းမာရေးဝန်ထမ်း (၁၂) ဦးတို့ တက်ရောက်ကြပြီး တစ်ရက်တာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
သဲစုပိုင် (ပြန်/ဆက်)