ရေး အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် အတွက် ပြည်သူများလေ့လာသိရှိနိုင်ရန်နှင့် အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက် (၉)နာရီအချိန်တွင် ပြသဆောင်ရွက်ခဲ့သည်။
နံရံကပ်စာစောင် အသိပညာပေးရာတွင် မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည် မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်နှင့် ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ပြသဆောင်ရွက် ပေးထားကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)