လက်ပံတန်း အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး အကြောင်းအရာများနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများပြသ ဆောင်ရွက်ထားရှိ ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် ဒေသနေ ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါ /မပါ သွားရောက်ကြည့်ရှုရမည့် အသိများရရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးကြစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် UNESCO ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ဝင့်နန္ဒာဌေး