ပန်ဆိုင်း အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများအသိပညာ ဗဟုသုတများပိုမိုးတိုးပြီး သတင်းအချက် အလက်များမှန်ကန်စွာ သိရှိနိုင်ရန်ရည်ရွယ်၍ ရုံးရှေ့တွင် ယနေ့နံနက်ပိုင်း က နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်သည်။
အဆိုပါနံရံပြဘုတ်၌ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ ဆောင်ရန်၊ ရှောင်ရန်များ၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန်သတင်း အချက်အလက်များနှင့် ပုဂ္ဂလဓိဋ္ဌာန်သတင်းအချက်အလက်များ၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတစ်ဦး ဖြစ်သလား၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့်ကျန်းမာရေး၊ ကလေးသူငယ်နှင့် လူမှုမီဒီယာ အသုံးပြုမှုသဘောတူညီချက်ပြုလုပ်ပါ စသည့် အကြောင်းအရာ များကို ဖော်ပြထား သည်။
ဆက်လက်ပြီး ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများသတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် အွန်လိုင်းစာမျက်နှာပေါ်ကတစ်ဆင့် တင်ဆက်ဖြန့်ဝေမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)