ဒေးဒရဲမြို့တွင် အထူးရဲသင်တန်း တက်ရောက်နေသော သင်တန်းသားများအား (RDT) test kits ဖြင့် ကိုဗစ်-၁၉ ပိုးရှိ/မရှိ စစ်ဆေး

ဒေးဒရဲ  အောက်တိုဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်()ရပ်ကွက် ဗိုလ်ချုပ်ကျောင်းတွင် အထူးရဲ (Special Police) သင်တန်း တက်ရောက်နေသော သင်တန်းသားများအား ကိုဗစ်-၁၉ ပိုးရှိ/မရှိ Antigen Rapid Diagnostic (RDT) test kits ဖြင့် ယမန်နေ့ နံနက် နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လိုအပ်သော နေရာများတွင် တာဝန်ချထားရန် ခန့်အပ်သည့် အထူးရဲသင်တန်းသား (၇၃)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) test kits စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်းနှင့် နောက်ပြန်တိုး ကျေးရွာနှင့် ကျုံဒါးကျေးရွာတို့တွင် ဖွင့်လှစ်လျက်ရှိသည့် အထူးရဲ(Special Police) သင်တန်း တက်ရောက်နေသော သင်တန်းသားများအား ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာအရောက် ကွင်းဆင်းသွားရောက်၍ ကိုဗစ်-၁၉ ပိုးရှိ/မရှိ စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)