ဖရူဆိုမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ် နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေ

ဖရူဆို အောက်တိုဘာ ၁၃

ကယားပြည်နယ်လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက  ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြင့် နေအိမ်ပြင်ပ ထွက်ခွာ သွားလာနေသော ခရီးသွားပြည်သူများနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား ယနေ့ နံနက် ၉ နာရီ အချိန်က မြို့မဈေး၌ နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဂျေရောလမို့နှင့် ဝန်ထမ်းများက အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ်နေ့တွင် နေအိမ်ပြင်ပ  ထွက်ခွာသွားလာနေသော ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာအသုံးပြု၍ ရေဖြင့် စနစ်တကျဆေးကြောတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားရန်နှင့် သိသင့်သိထိုက်သော မှတ်သားဖွယ်ရာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဗဟုသုတများကို အပြန်အလှန်မေးမြန်းပြီး နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောရယ်