မချမ်းဘောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

မချမ်းဘော အောက်တိုဘာ   ၁၃

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော် စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်း မြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေး မချမ်းဘောမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးယန်မီယုံက အဖွင့်အမှာစကားပြောကြားပြီး ကော်မရှင်အတွင်းရေးမှူး ဦးမိုးအောင်က မြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မချမ်းဘော့မြို့နယ်တွင်းနေထိုင်ခဲ့သည့် ပြည်ပရောက်မဲဆန္ဒရှင်ပြည်သူများအား ကြိုတင်မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေ၊ မဲရုံ(၁၇)ရုံ အတွက် လုံခြုံရေးကိစ္စရပ်များ၊ အောက်တိုဘာ ၁၆ ရက်နေ့တွင် မဲရုံမှူး ၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်လင်းဦး (ပြန်/ဆက်)