ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံမြောက် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဝင်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးမှ ယခင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပရာတွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များအား သင်တန်းများပေးပြီး ဆောင်ရွက်ခဲ့ရာတွင် မြေပြင်၌ လက်တွေ့လုပ်ကိုင်သူများ အခက်အခဲ အနည်းအကျဉ်းတွေ့ရှိခဲ့ရကြောင်း၊ ယခုမြို့နယ်အတွင်း သင်တန်းများ ပေးရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒ ရှင်များ ကြိုတင်ဆန္ဒမဲပေးရေးကိစ္စ ဆောင်ရွက်ထားရှိရန်၊ မဲရုံများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှုများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးဘုန်ကုန်းမှ မိမိတို့ ကော်မရှင်မှ မဲရုံမှူးနှင့် ဒုမဲရုံမှူးများ၊ များနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင် ၃၆၂ ဦးအား အောက်တိုဘာ ၂၃ မှ ၂၅ ရက်နေ့ထိ သင်တန်းပေး သွားရန်အတွက် ရက်သတ်မှတ်ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားတွင် နေထိုင်သူများ ကြိုတင်မဲပေးရေး၊ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးနိုင်ရေးတို့ ဆောင်ရွက်ထားမှုများအား ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ သည်။ ထို့နောက် မြို့နယ် ကော်မရှင်အဖွဲ့ခွဲဝင်များမှ  ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)