ဆိပ်ဖြူ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ဒေသ လျှပ်စစ်မီးပြည့်ဝစွာရရှိရေး လုပ်ငန်းမှ ဆိပ်ဖြူမြို့နယ်၌ ကျေးရွာ(၆)ရွာမှ အိမ်ထောင်စု (၅၇၃) အိမ်ထောင်အား မိန်းမီတာ(CT)စနစ်၊ နေအိမ်များအား (SET )မီတာဖြင့် လျှပ်စစ်မီးကို (၂၄) နာရီ ရရှိရေးအတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးနှင့် ကျွမ်းကျင်ဝန်ထမ်းများမှ ယမန်နေ့ ကတပ်ဆင်ဆောင်ရွက်ပေးပြီး (၂၄)နာရီ လျှပ်စစ်မီး ရရှိနေပြီးဖြစ်ကြောင်းသိရှိရသည်။
၂၀၁၉- ၂၀၂ဝဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဘတ်ဂျက်ငွေဖြင့် ထန်းချောင်း၊ ဇီးဖြူကောင်း၊ ရေပုတ်၊ ကဇွဲနှင့် ဆူးပုတ်ကုန်း ကျေးရွာများကို ချထောက် - ကျွန်းတော 11KVA ဓာတ်အားလိုင်း(၁၀)မိုင် မှလည်းကောင်း ၊ဆိုက်ခမ်းကျေးရွာကို တောင်ရွာမှ - ဆိုက်ခမ်း 11KVA ဓာတ်အားလိုင်း (၂ ဒဿမ ၅၇) မိုင် မှလည်းကောင်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးစနစ် သွင်း၍ တပ်ဆင်ကာ အဆိုပါ ကျေးရွာများအား(၂၄)နာရီလျှပ်စစ်မီးအား စတင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ၊အဆိုပါကျေးရွာများ (၂၄) နာရီလျှပ်စစ်မီးရရှိရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ 11KVA ဓာတ်အားလိုင်း (၁၂ ဒဿမ ၅၇) မိုင်နှင့် 200 kva ထရန်စဖော်မာ(၇) လုံးကို ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာတွင်း (၄၀၀) ဗို့ဓာတ်အားလိုင်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် သွယ်တန်း၍ လျှပ်စစ်မီး ရရှိခဲ့ကြောင်း၊ ဒေသခံကျေးရွာများအနေဖြင့် လျှပ်စစ်မီး(၂၄) နာရီ ယခုလိုလျှင်မြန်စွာရရှိနိုင်မည်ဟု မျှော်လင့်မထားမိကြောင်း၊ ယခုလျှပ်စစ်ဓာတ်အားရရှိခြင်းအကျိုးများ ကြောင့် မြို့ပြနှင့် ကျေးလက်ကွာခြားမှုကို လျှော့ချ နိုင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလန်းများ တိုးပွားစွာ ရရှိလာမည့်အပြင် ၊အသိဉာဏ်ပညာများတိုးပွားခြင်း ၊ရရှိလာသည့် အသိပညာ အတတ်ပညာများပေါ်အခြေခံ၍ ဒေသထုတ်ကုန်များကို လျှပ်စစ်ဓာတ်အားဖြင့် ကုန်ချောစနစ် သို့ဆောင်ရွက် နိုင်မှာ ဖြစ်ပြီး ကျေးလက်ဖွံ့ဖြိုးမှုအခန်းကဏ္ဍများ ဖော်ဆောင်ထောက်ပံ့ပေးသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာန များ ၊ပုဂ္ဂိုလ်အသီးသီးတို့ကို အထူးကျေးဇူတင်ရှိကြောင်း ဒေသခံပြည်သူများထံကသိရှိရပြီး ၊ မြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာအားရရှိရေးကို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးနှင့် ကျွမ်းကျင် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်နေ လျှပ်စစ်ဓာတ်အားသုံးစွဲသည့ ်ပြည်သူအများ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာများကိုလည်း ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)