နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မဲရုံမှူးတာဝန်ထမ်းဆောင်မည့် ဌာနေပြန် ကျောင်း ဆရာ/မ (၃၃၆) ကို အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာချထားနိုင်ရေး အစည်းအဝေးပြုလုပ်

နန်းယွန်း  အောက်တိုဘာ  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးတာဝန်ထမ်းဆောင်ကြရန် ရောက်ရှိလာမည့် ဌာနေပြန်ကျောင်းဆရာ/မများ (၃၃၆) ဦးကို  အသွားအလာကန့်သတ် စောင့်ကြည့် နေရာချထားနိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်နာဂရိုးရာကော်မတီများ၊ မြို့မိမြို့ဖများ က  ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်အထွေထ ွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲရုံမှူးတာဝန်ထမ်းဆောင်မည့် ဌာနေပြန် ကျောင်း ဆရာ/မများကို အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာချထားမည့် ကျောင်းဆောင်များနှင့် လူဦးရေခွဲဝေချထားနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

ဌာနေပြန်ကျောင်းဆရာ/မများမှာ (၃၃၆)ဦးဖြစ်ပြီး နန်းယွန်းမြို့ အထက်တန်းကျောင်းတွင် ကျား(၁၀၆)ဦး၊ ရောကော့ရပ်ကွက်၊ အ-မ-ကကျောင်းတွင် ကျား(၄၀)ဦး၊ မြို့မ(ယူးဝ)ရပ်ကွက်တွင် ကျား(၄၀)ဦး၊ အိမ်တွင်းမှုကောင်းတွင် မ(၂၀)ဦး၊ လ-င-သကျောင်းတွင် မ(၈၀) ဦး၊ လူမှုရုံးတွင် မ(၂၀)ဦး၊ ရှရရပ်ကွက် အ-မ-ကကျောင်းတွင် မ(၃၀)ဦး တို့ကို မူလတာဝန်ကျရာ  အခြေခံပညာကျောင်းများတွင် တာဝန်ထမ်း ဆောင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အသွားအလာကန့်သတ်စောင့်ကြည့်မှု ရက်သတ္တပတ်နှစ်ပတ် ထားရှိသွားမည်ဖြစ် ကြောင်းသိရသည်။

ဟန်ကမ်း(ပြန်/ဆက်)