ပေါင်းတည်မြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ရေး ထိန်းချုပ်လုပ်ငန်းများတွင် အသုံးပြုရန်  အတွက် အလှူငွေ ပေးအပ်လှူဒါန်း

ပေါင်းတည်       အောက်တိုဘာ   ၁၄


ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်  ကိုဗစ်  ၁၉ ရောဂါကာကွယ်ရေး ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်  အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်  တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို   ယနေ့ နံနက် ၉နာရီက ပေါင်းတည်မြို့နယ် စျေး ၁ ရပ်ကွက် အရှေ့လမ်း၌ ကျင်းပ  ပြုလုပ်ခဲ့သည်။
လှူဒါန်းရာတွင် ၁၉၉၃ခုနစ်/၁၉၉၄ခုနှစ်ရန်ကုန်လမ်း  ပေါင်းတည် အ−ထ−က ကျောင်း ဒသမတန်းတွင် ပညာ သင်ကြားခဲ့ ကြသည့်  မြို့နယ် အပါအဝင် ပြည်တွင်း/ပြည်ပရှိ ကျောင်းသား/ကျောင်းသူဟောင်းများက စုပေါင်း အလှူငွေ ၁၂သိန်း ကျပ်အား ဒေသခံကျောင်းသား/ကျောင်းသူဟောင်းများက ကိုယ်စား ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးနှင့် ဘဏ္ဍာရေးမှူး ဦးအောင်မြင် တို့မှ လက်ခံ ရယူခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)