ဇလွန် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပညာရေးဌာနမိသားစုများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများအား ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေကျပ် (၁၀၀၀၀၀၀)၊ အ.ထ.က-၂ဇလွန်၊ အ.ထ.က-ရေလဲ၊ အ.ထ.က−ပျဉ်းမကုန်း၊ အ.ထ.က-သပြုကွင်း Quarantine Centre များသို့ အလှူငွေကျပ် (၁၅၀၀၀၀)စီနှင့် အဟာရဒါနအဖြစ် အလှူငွေကျပ် (၂၀၀၀၀၀)၊ စုစုပေါင်း အလှူငွေကျပ်သိန်း (၁၈၀၀၀၀၀)ကို မြို့နယ် ပညာရေးမိသားစုများမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)