လေးမျက်နှာ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယနေ့နံနက် (၉)နာရီကလေးမျက်နှာ မြို့နယ် အ.ထ.က အိုင်သပြုနှင့်အ.လ.ကအချုပ်ကလေးတို့တွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးဝင်းမောင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့ပြီး အတွင်းရေးမှူးဦးအောင်ကျော်မိုးက သင်တန်းတွင်ပို့ချသွားမည့် ဘာသာရပ်များနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲ သင်တန်းနည်းပြ(၄)ဦးနှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ က သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ သင်တန်းတွင် မဲရုံမှူး၊ မဲရုံအဖွဲ့၀င်များခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံ ဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့်လုံခြုံရေး အိတ်များထုတ်ပိုးခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး လုပ်ငန်းတာ၀န်များ၊ ပြန်လည်ဆွေးနွေးခြင်းများဖြင့် သင်တန်းကို ပို့ချသွားမည်ဖြစ်ကြောင်းနှင့်သင်တန်းတွင် ရပ်ကွက်/ကျေးရွာ အုပ်စုရှိမဲရုံ (၁၈၈) ရုံမှ မဲရုံမှူး၊ ဒုမဲရုံးမှူး နှင့်မဲရုံအဖွဲ့ဝင် သင်တန်းသား/ သင်တန်းသူ (၂၂၈၈) ဦးတို့ အားအောက်တိုဘာလ၂၀ရက်နေ့မှအောက်တိုဘာလ၂၅ရက်နေ့အထိပို့ချသင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)