တောင်ဥက္ကလာပ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရန် ဘုန်းတော်ကြီးကျောင်းများအတွက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ကို We Love South Okkalapa အဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်း အချိန်မှစ၍ မြို့နယ်အတွင်းရှိ ဘုန်းကြီး ကျောင်းများသို့ လှည့်လည်ဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် We Love Yangon သို့ လှူဒါန်းသော လှူဖွယ်ပစ္စည်းများကို အလှူရှင်များကိုယ်စား We Love South Okkalapa အဖွဲ့မှ အဖွဲ့သားများ စုပေါင်း၍ ဘုန်းကြီးကျောင်း (၁)ကျောင်းလျှင် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥ၊ ကုလားပဲ၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်အစရှိသော လှူဖွယ်ပစ္စည်းများကို မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၂၀)ကျောင်းအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းထက်ထက်အောင်