ရန်ကုန် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန်ရေးကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း နှင့် တာဝန်ရှိသူများသည် နံ့သာကုန်းရပ်ကွက် လမ်းသစ် လမ်းမကြီးတွင် ရေစီးရေလာ ကောင်းမွန်ရေး အတွက် AE ဦး ဟန်ကျင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် မြောင်းဖော်ခြင်း လိုအပ်နေသော နေရာ များ အပေါက်ဖောက်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း လုပ်ငန်းခွင်နှင့် ကမ်းနားအလယ် ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းရှေ့ Box Culvert (၅)ခု လျားထား ဆောင်ရွက်လျက်ရှိပြီး ယခု တစ်ခု ပြီးစီး၍ ကျန်(၄)ခုအား ဆောင်ရွက်နေသည့် မြောင်းဖော် အုတ်စီ၊မြောင်းဖုံး ဆောင်ရွက်နေသည့် လုပ်ငန်း ခွင်များသို့ သွားရောက်၍ ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)