မြန်အောင်၌ မိုးစပါး(CERP)အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

မြန်အောင်  အောက်တိုဘာ  ၂၀

မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာအုပ်စု စနစ်ကျစံပြလယ်ယာမြေ ဧက(၁၀၀)ရှိ ကွင်းအမှတ် ၂၄၉ ရင်းတောကွင်း တောင်သူ ဦးအောင်မင်း၏ (.)ဧကကွက်တွင် ယနေ့နံနက်က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) ထောက်ပံ့မှုဖြင့် ဆောင်ရွက်သော ၂၀၂၀ - ၂၀၂၁ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက် ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မိုးစပါး(CERP)အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို၊  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်မြေစာရင်း ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး  မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေထွန်းနှင့် ဌာနဆိုင်ရာအ ကြီးအကဲများ၊ မိုးစပါးမျိုးစေ့ထုတ်တောင်သူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာအုပ်စု စနစ်ကျစံပြလယ်ယာမြေ ဧက(၁၀၀)ရှိ ကွင်းအမှတ် ၂၄၉ ရင်းတောကွင်း တောင်သူ ဦးအောင်မင်း၏ (.)ဧကကွက်တွင်  (CERP) ထောက်ပံ့မှုဖြင့် ဆောင်ရွက်သော ၂၀၂၀-၂၀၂၁ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းစံကွက်ရိတ်သိမ်းရာတွင်  ဧက စပါးအစို (၁၂၇.၈၂) တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)