တန့်ယန်း အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်ကြားရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေး(HPV)အား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စတင်ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ကို ပုံမှန်ကာကွယ်ဆေး စတင်ထိုးနှံခြင်းအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် အားပေးကာ မြို့နယ်အတွင်း စာရင်းကောက်ယူ ထားသည့် အသက်(၉)နှစ်မှ (၁၀)နှစ်ကြားရှိ အမျိုးသမီးငယ် စုစုပေါင်း (၁၆၀၀) ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအား ကွင်းဆင်း၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)