မန့်ဟီးရိုးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန့်ဟီးရိုး     အောက်တိုဘာ    ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူလူထုများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့၊ နံနက်ပိုင်း အချိန်က မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့ရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများ လက်ဝယ် အရောက်ဖြန့်ဝေပေးသည်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် နေ့ရက်တွင် လိုက်နာဆောင်ရွက်ရန်နှင့် သတိပေးချက် များဖြစ်သည့် ဘေးကင်း လုံခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့်ရှိသူဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက် ဆန္ဒမဲပေးပါ၊ ဖြည့်စွက် ရန်လိုအပ်မယ့်ပုံစံများ၊ သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီး ပြီလား၊ အတူတကွမဲပေး ကြပါစို့၊ ဒီမိုကရေစီ ရှင်သန်ဖို့ မသန်ပေမယ့်စွမ်းသူများအားလုံး မဲပေးကြစို့နှင့် COVID-19 ကိုဗစ် ၁၉ရောဂါမကူး စက်အောင် မိမိကစပြီး ကာကွယ်ပါစသည့်အချက်များကို သရုပ်ဖော်ပုံ များဖြင့် ထုတ်ဝေထားသည့်  အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း ဖြစ်သည်။

အဆိုပါ လက်ကမ်းစာစောင်ပါအချက်အလက်များကို ဒေသခံပြည်သူများအား သိရှိနာလည်ရန်နှင့် စနစ်တစ်ကျ မဲထည့်နည်းများစသည့် အသိပညာပေးများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြာင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)