မြစ်သားမြို့၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား မဲရုံသုံးပစ္စည်းများ ထုတ်ပေး

မြစ်သား         အောက်တိုဘာ   ၂၄

မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက မဲရုံသုံးပစ္စည်းများ ကို ယမန်နေ့က စတင်၍ ထုတ်ပေးနေကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲရုံများတည်ဆောက်ရာ၌ သိရှိရမည့် မဲရုံအခင်း အကျင်းနမူနာပုံစံ ၊ မဲရေတွက်ခြင်း၊ မီးပုံး၊ မီးအိမ်၊ မဲရုံအတွက် ဆန္ဒပြုခန်း၊ အသိပညာပေးဗီနိုင်းများနှင့် မဲရုံမှူး/ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လက်စွဲစာအုပ်၊ ရွေးကောက်ပွဲ တာဝန်ရှိသူများ စစ်ဆေးရန် အချက်အလက်များဖြစ်သည့် စာအုပ်များနှင့် အစရှိတဲ့ မဲရုံအတွက် လိုအပ်သည့်ပစ္စည်းများကို  မဲဆန္ဒနယ်မြေ(၁)၊ မဲဆန္ဒနယ်မြေ(၂)မဲရုံများမှ တာဝန်ရှိသူများက လာရောက်ထုတ်ယူကြကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယဉ်မွန်ဖိုးထံမှ သိရသည်။

မြစ်သားမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်/ ကျေးရွာ အုပ်စု(၉၂)အုပ်စု၊  မဲရုံ (၂၀၀)ရုံ ရှိပြီး  ဆန္ဒမဲပေးခွင့်ရှိသူဦးရေ(၁၅၈,၀၀၀)ကျော် ရှိကြောင်းသိရသည်။

မြမြမွန်(ပြန်/ဆက်)