တာချီလိတ် အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းကို ပြုပြင်ခြင်း၊ လမ်းသားတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်း အဆင့်မြှင့်တင်ခြင်းများကို အလှူရှင်တို့၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ကျပ်သိန်း ၆၀ ၊ ဇန်းမွန်အာခါဟိုတယ်က ကျပ်သိန်း ၆၀ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၂၀ နှင့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၏ ကတ္တရာများထောက်ပံ့မှု၊ လမ်းညွှန်မှုတို့ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော တာချီလိတ်မြို့စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိနှင့်ဝန်ထမ်းများက လမ်းများပြုပြင်ခြင်း၊ လမ်းသားတိုးချဲ့ခြင်း၊ ထပ်ပိုးလွှာခင်း အဆင့်မြှင့်တင်ခြင်းများကို စက်ယန္တရားများဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ကြောင်း သိရသည်။
ဂေါက်ကွင်းလမ်းပြုပြင် တိုးချဲ့ အဆင့်မြှင့်တင်ရာ၌ ယခင်က လမ်းအကျယ်(၁၈)ပေရှိရာမှ လမ်းသားကို(၈)ပေ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း၊ လမ်းအရှည်ပေပေါင်း(၇၃၀)ပေ ရှိပြီး အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အမှုဆောင်အရာရှိ ဦးခွန်ဇော်ဦးထံမှသိရသည်။
ယာဆေး(ပြန်/ဆက်)