ကျိုက်လတ်၌ လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်

ကျိုက်လတ်   အောက်တိုဘာ    ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကဿဝင်ကျေးရွာနှင့် မတ္တာကျေးရွာ တို့တွင် အောက်တိုဘာလ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျိုက်လတ်မြို့နယ် ပဲခိုးစုကျေးရွာအုပ်စု၊ ကဿဝင်ကျေးရွာ၌ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂)လုံး နှင့် အောက်ဆင်ကူးကျေးရွာအုပ်စု၊ မတ္တာကျေးရွာတွင် နေအိမ်(၁)လုံးပြိုကျပျက်စီးမှု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၇၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာငွေ (၃၅၇,၀၀၀/-)ကျပ်  ၊ စုစုပေါင်းငွေ (၂,၀၅၇,၀၀၀/-) ကျပ် ၊  ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ (၃၄၇,၅၃၀/-) အား  ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး တွင်  (၂၂-၁၀-၂၀၂၀) ရက်နေ့ နေ့လယ် (၁၁) နာရီ (၄၅) မိနစ် က ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)