လှိုင်းဘွဲ၊ အောက်တိုဘာ ၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် တဝန်ဖန်ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းလုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၁၇၇၀၀၀၀၀)ကျပ်ဖြင့် လမ်း (အရှည် ၆၈၀ပေ x အကျယ် ၁၂ပေ x အထူ ၆လက်မ)လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့က လူထု ဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးတို့မှအနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှုများဖြင့် စတင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကွန်ကရစ်လမ်းအား ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ပါ၍ တဝန်ဖန်ရကျေးရွာမှ အိမ်ထောင်စု (၃၂၄) စု၊ လူဦးရေ (၂၁၀၉) ဦးတို့၏ ပညာရေး၊ကျန်းမာ ရေး၊ စီပွားရေး၊ လူမှုရေးများအတွက် သွား/လာရေးလွယ်ကူချောမွေ့ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)