ဘောလခဲ အောက်တိုဘာ ၂၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ စျေးရောင်း စျေးဝယ်သူနှင့် ပြင်ပထွက်ခွာ သွားလာနေသော ပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးသန်းထိုက်ဦး၊ မြို့မစခန်းမှူးရဲမှူးဝင်းမြင့်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီ အဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက်မြို့မစျေး အဝင်အထွက် စျေးရောင်း/စျေးဝယ်များအား ကိုယ်အပူချိန်တိုင်းတာပြီးမှ စျေးအတွင်း ဝင်ရောက်ရောင်းဝယ်စေခြင်း၊ မိမိတို့ နေအိမ်ပြင်ပကို ထွက်ခွာ သွားလာပါက မဖြစ်မနေ Mask တပ်ဆင် သွားလာရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးခြင်းကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လှရွှေ