ဥတ္တရသီရိ အောက်တိုဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းရှိ အမှုစစ်ဆဲ အချုပ်သားများ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလင်းပြည်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက အမှုစစ်ဆဲ အချုပ်သား(၁၃)ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သတ်မှတ်ထားသော နေရာအကွာအဝေးတွင်သာ ထားရှိစေရေးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား နှာခေါင်းစည်း Mask များနှင့် လက်အိတ်များ တပ်ဆင်စေရန်၊ စနစ်တကျ လက်ဆေးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)