အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား မဲရုံသုံးပစ္စည်းများ ထုတ်ပေး

အုတ်ဖို       အောက်တိုဘာ  ၂၄

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်ကျေးရွာကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများအား မဲရုံသုံးပစ္စည်း အချို့ကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ထုတ်ပေးရာတွင် မဲရုံများတည်ဆောက်ရာတွင် သိရှိရမည့် မဲပုံး၊ ဆန္ဒပြုခန်း၊ ခြင်းတောင်းနှင့်ဆာလာအိပ်များကို ထုတ်ပေးခဲ့ကြောင်း၊ ကျန်မဲရုံသုံးပစ္စည်းများကို အောက်တိုဘာ(၂၅)ရက်နေ့တွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အုတ်ဖိုမြို့နယ်အတွင်း လျာထားမဲရုံပေါင်း(၁၂၆)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ (၁၀၂၇၇၆)ဦး ရှိကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)