ဖြူး၊ အောက်တိုဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ယင်လုံ အိမ်သာသုံးပစ္စည်း များကို ရေလျှံကြီးကျေးရွာ၊ဖြူးရှေ့ကျေးရွာနှင့် ရွာတန်းရှည်ကျေးရွာတို့ကို ယနေ့နံနက် (၁၀)နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင်လှူဒါန်းခဲ့သည်။
ထိုသို့ကျေးရွာများသို့ ယင်လုံအိမ်သာသုံးပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာဟင်က အဆိုပါကျေးရွာသုံးရွာရှိအိမ်များအားလုံး ယင်လုံ အိမ်သာများအသုံးပြုနိုင်ရန် ရည်ရွယ်ပါကြောင်းပြောကြားခဲ့ပြီး ရေလျှံကြီးကျေးရွာအတွက် ယင်လုံ အိမ်သာသုံးပစ္စည်း အိမ်သာခွက် (၁၅၀) ခု၊ ဖြူးရှေ့ကျေးရွာအတွက် (၈၀) ခုနှင့် ရွာတန်းရှည် ကျေးရွာအတွက် (၅၀) ခုတို့ကို လှူဒါန်းခဲ့ကြောင်း သိရပါသည်။
မနွယ်(ဖြူး)